Myanmar NGO

အဖွဲ့အစည်း အကျဉ်းချုပ်

  • HOME »
  • အဖွဲ့အစည်း အကျဉ်းချုပ်

ကျွန်တော်တို့အဖွဲ့ဝင်များသည် လွန်ခဲ့သောနှစ်၂၀မတိုင်ခင်က အမျိုးမျိုးသော အကြောင်းအရာမျာဖြင့် ဂျပန်နိုင်ငံ၌ လူ့ဘောင်ယဉ်ကျေးမှုကို အတွေ့အကြုံရရှိခဲ့ကြသည်။ ဂျပန်နိုင်ငံသည် စစ်ရှုံးပြီးနောက်ပိုင်း စီးပွားရေးအောင်မြင်မှုမှာ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်ခဲ့ပါသည်။ စိတ်မကောင်းစွာဖြင့်မြန်မာနိုင်ငံမှာနောက်ကျကျန်ခဲ့ရသည်။

မြန်မာ-ဂျပန် SEDA သည် အတိုကောက် အမည်သာဖြစ်ပြီး အတိအကျဆိုပါလျှင် Myanmmar-Japan Socio Economic Development Association ဖြစ်ပါတယ်။ ဂျပန်လို ဘာသာပြန်ပါက Myanmar-Nihon Shakai KeizaiKaihatsuKyokaiဖြစ်ပြီး မြန်မာနှင့်ဂျပန်နိုင်ငံကို ပေါင်းကူးတံတားသဖွယာဆောင်ရွက်မည့် နှစ်နိုင်ငံအကျိုးကိုဖော်ဆောင်နိုင်သော ရည်မှန်းချက်ဖြင့်တည်ဆောက်ထားသည့် အဖွဲ့ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၌ကျောင်းပညာစည်းပူးခဲ့သူများ လုပ်ငန်းခွင်များမှာတာဝန်ထမ်းဆောင်ခဲ့သောပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသောအသင်းအဖွဲ့ဖြစ်ပါသည်။ ဂျပန်ပြည်မှပြန်လာကြသည့် မြန်မာအများစုဖြင့်မိမိတို့တွေ့ကြုံခဲ့ရသော အတွေ့အကြုံများ ကိုမျှဝေရန်အတွက် SEDAအသင်းကြီးတခုကို တည်ထောင်လိုက်ပါသည်။

SEDA အသင်း၏ တည်ထောင်သူမှာ Sakura Auto Co.,ltd မှ ဥက္ကဋ္ဌဦးဌေးအောင် ဖြစ်ပါသည်။ ရည်ရွယ်ချက်သည် ဂျပန်နိုင်ငံမှာသွားရောက်နေထိုင်ခဲ့ဘူးသော မြန်မာနိုင်ငံသားများ၏ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကိုနိုင်ငံတော်အတွက်တဖက်တလမ်းမှ အကူအညီရစေနိုင်ရန်အလို့ငှာ ဂျပန်ပြန်များစုစီးပြီးဖွဲ့စည်းလိုက်သော အဖွဲ့အစည်းဖြစ်ပါသည်။

စတင်တည်ထောင်စဉ်အချိန်မှ မြန်မာနိုင်ငံအစိုးရထံသို့ NGO အနေဖြင့် လျှောက်ထားပြီး ပြည်တွင်း NGOအဖွဲ့အစည်းအဖြစ်မြန်မာ-ဂျပန်SEDAကိုအစိုးရမှတရားဝင်အသိအမှတ်ပြုခံခဲ့ရသောအသင်းဖြစ်ပါသည်။

SEDA အသင်းကြီး စတင်လျှောက်လှမ်းချိန်မှစတင်ပြီး ပူးပေါင်းပါဝင်သောသူများအများအပြားရှိပြီး စိန်ခေါ်မှုပေါင်းမြောက်များစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါသည်။ ယ္ခုကဲ့သို့စိန်ခေါ်မှုပေါင်း မြောက်များစွာကျော်ဖြတ်လာပြီး မူဝါဒလမ်းစဉ်များ၊ ရည်ရွယ် ချက်များ၊ ရည်မှန်းချက်များ ချမှတ်ကာ SEDA ၏ အဓိကစွမ်းဆောင်ရည်ဖြစ်သောဂျပန်နိုင်ငံမှာတွေ့ကြုံ ခဲ့ရသည့် အတွေ့အကြုံများကိုအသုံးချကာမြန်မာနိုင်ငံ၏ လူမှု့ပတ်ဝန်းကျင်ကိုတိုးတက်ပြောင်းလဲစေရန်အတွက် တစ်ဖတ်တစ်လမ်းမှ ဆောင်ရွက်လာနိုင်ခဲ့ပါသည်။

CECအဖွဲ့ဝင်မှာ ၄၈ ယောက် ရှိပြီးအသင်းသားများမှ ၉၅၆ ယောက်ရှိပါသည်။ ဘဏ္ဍာရေးအခြေအနေမှာ နာယကမှ ထောက်ပံ့ငွေကြေး၊ အလှူခံငွေကြေး၊ အသင်းဝင်ကြေးများနှင့်လည်ပတ်နေပါသည်။ အလှူခံရရှိခဲ့ သော ငွေကြေးများကိုလည်း စည်းစနှစ်ကျစွာပရဟိတလုပ်ငန်းများမှာ ပြန်လည်သုံးဆွဲလျက်ရှိပါသည်။

ယခုနောက်ပိုင်း 2015 ခုနှစ်တွင်မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ထားပြီး ကမ္ဘာ့ကုလသမဂ္ဂ၌ ပြဌာန်း ထားသည့် SDG’s လို့ခေါ်တဲ့ (Sustainable Development Goals) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်ပန်းတိုင်ကို လိုက်နာပြီး ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို မှီငြမ်း၍ လူမှုရေးလှုပ်ရှားမှုများ ပြုလုပ်သွား မှာဖြစ် ပါသည်။

ယခုအချိန်အထိ SEDA မှ လှုပ်ရှားမှုများမှာလည်း ၎င်း၏မျှော်မှန်းချက်(၆)ချက်နှင့် ကိုက်ညီလျက်ရှိပါသည်။ ထိုလှုပ်ရှားမှုများကို ပိုမိုပြီး ထိရောက်လာစေ ရန်အတွက် SDG’s ၏ရည်မှန်ချက်ပန်းတိုင်းကို လေ့လာဆည်းပူးကာ ကြိုးစားအားထုတ်သွားပါမည်။

TEL +95-9 5004505, +95-9 599797980

PAGETOP
Copyright © Myanmar Japan SEDA All Rights Reserved.