Myanmar NGO

လူသားရင်းမြစ်ပညာရေး

  • HOME »
  • လူသားရင်းမြစ်ပညာရေး

လူသားအရင်းအမြစ်တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီးဆောင်ရွက်ခဲ့မှု များမှာဆင်းရဲနွမ်းသော လူငယ်များအတွက်တတ်အားသ၍ ကျူရှင်လခအနည်းဆုံးဖြင့်ဂျပန်စာသင်တန်းများ၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဂျပန်လူမျိုးများအတွက် မြန်မာစာသင်တန်းများကို ပရဟိတ မြန်မာဆရာ/မများ၊ ဂျပန်ဆရာ/မများအထူးတလည်ကြပ်မတ်၍ သင်ကြားပို့ချပေးလျက်ရှိနေပါသည်။ နှစ်စဉ်နှစ်တိုင်းကျောင်းသားဦးရေတိုးတက်လာပြီး ယခုအချိန်ထိသင်တန်းတက်ရောက်သောကျောင်း သားဦးရေမှာ(၂၁၀၀)ကျော်ရှိကာ သင်တန်းဆင်းကျောင်းသားဦးရေမှာ(၅၄၀)ကျော်ရှိနေပြီဖြစ်ပါသည်။ ထို့အပြင်ဂျပန်နိုင်ငံရှိအိုဆားကားပြည်နယ်ဂျပန်စာသင်ကျောင်းဖြစ်သော ECCကျောင်းတွင်တစ်နှစ်၏ပညာ သင်စရိတ်၏ထက်ဝက်ဖြင့်ပညာသင်ကျောင်းသား(၄)ယောက်စေလွှတ်ပြီးသင်တန်းတက်ရောက်စေပါသည် လွန်ခဲ့သော နှစ်များမှစတင်၍ ဂျပန်နိုင်ငံဆိုင်ရာ အလုပ်သမားစေလွှတ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး အလုပ်သင်ကျောင်း သားများအတွက် ဂျပန်စာသင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ယခုဆိုလျှင် ဂျပန်ပြည်သို့(၂၀၀)ယောက် သွားရောက်၍လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေပြီးတချို့မှာနှစ်ပြည့်၍ပြန်လာသူများပင်ရှိနေပါသည်။ ထိုသူတို့များ၏ကြိုးစားအားထုတ်နေမှုမှာ အားရဝမ်းသာ စရာ တစ်ခုဖြစ်ပါသည်။ ဂျပန်နိုင်ငံ၌ တာဝန်ထမ်းဆောင်ရန်အတွက်အလုပ်သင်ကျောင်းသားများအပြင်ဘိုးဘွားရိပ်သာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်လည်းသင်ကြားပို့ချနိုင်သောသင်တန်းကျောင်းအဖြစ် ကြိုးစားအားထုတ်သွားပါမည်။

မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံမှ လွတ်မြောက်နိုင်ရန်အတွက်လူသားအရင်းအမြစ်တည်ဆောက်ရေးမှာ မရှိမဖြစ်လိုအပ်နေပါသည်။ အားလုံး၏စွမ်းအားကိုရယူ၍ လူသားအရင်းအမြစ်အများအပြားကို တည်ဆောက်ရန်ရည်ရွယ်ထားပါသည်။နောင်အနာဂတ်တွင်ဂျပန်စာသင်တန်းကျောင်း၊ ကောလိပ်အထိဖြစ်ပေါ်လာရန် ကြိုးစားသွားပါမည်။ ယ္ခုအခါဆယ်တန်းအမှတ်ကောင်းသော်လည်း သက်ဆိုင်ရာကောလိပ်၊ တက္ကသိုလ်မတက်ရောက်နိုင်သည့် ကျောင်းသူကျောင်းသားများအား အသင်းကြီးမှထောက်ပံ့နိုင်ရန် Scholarship Program ကိုအကောင်အထည်ဖေါ်ဆောင်ရွက်နေပါသည်။ လူငယ်များအတွက်အထောက်အကူပြုနိုင်သောအသင်းကြီးဖြစ်လာပါက တဖက်တလမ်းမှနိုင်ငံတော်အတွက် အကျိုးပြုလာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်အခြေအနေပေးလာပါက မူလတန်း၊ အလယ်တန်း၊ အထက်တန်းများရှိချို့တဲ့သောကျောင်းသား၊ ကျောင်းသူများအားပံ့ပိုနိုင်ရန်ကြိုးစားအားထုတ်သွားပါမည်။ အလယ်တန်း၊အထက်တန်းပညာသင်ပြီးဆုံးခြင်းမရှိသော လူငယ်လူရွယ်များအတွက် လုပ်ငန်းခွင်သင်တန်းကျောင်းများဖွင့်လှစ်၍ လူသားအရင်းအမြစ်တည်ဆောက်ကာပြည်တွင်းပြည်ပနိုင်ငံများတွင် အလုပ်အကိုင်ရရှိအောင်ဆောင်ရွက်ပေးပါမည်။ လူငယ်လူရွယ်များအားနိုင်ငံတကာအတွေ့အကြုံများကို တွေ့ကြုံခံစားစေကာမြန်မာနိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးမှုအတွက်ပြန်လည်အသုံးပြုစေချင်ပါသည်။ ထိုကဲ့သို့ပြင်ပနိုင်ငံအတွေ့အကြုံတွေကိုရရှိစေရန်အတွက်ပြုစုပျိုးထောင်မှုများပြုလုပ်နိုင်ရန် ကျွန်တော်တို့တတွေကြိုးစားအားထုတ်လျက်ရှိနေပါသည်။ လူငယ်များ၏အနာဂတ်အိမ်မက်တွေကိုအကောင်အထည်ဖေါ်နိုင်ရန်လမ်းညွန်ပေးနိုင်သောအသင်း ကြီးဖြစ်လာအောင်ကြိုးစားအားထုတ်လျက်ရှိပါသည်။

TEL +95-9 5004505, +95-9 599797980

PAGETOP
Copyright © Myanmar Japan SEDA All Rights Reserved.