Myanmar NGO

ပရဟိတလုပ်ငန်းများ

  • HOME »
  • ပရဟိတလုပ်ငန်းများ

သွေးလှူဒါန်းခြင်းများ

အရေးပေါ်လူနာများအတွက် ရည်ရွယ်ပြီး မလုံလောက်သော သွေးများအတွက် SEDA မှ အသင်းဝင် များ ပရဟိတအဖွဲ့များ ကျောင်းသားများ၊သာမန်သွေးလှူရှင်များထံမှ အကူအညီရယူပြီးသွေးလှူဒါန်းပွဲကို ကျင်းပပေးနိုင်ခဲ့ပါသည်။ သွေးအလှူရှင်အရေအတွက်မှာ(၃၅၀)ယောက် ဖြစ်ပါသည်။

မျက်စိစစ်ဆေးခြင်းများ

မြန်မာနိုင်ငံ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ၌ နိုင်ငံခြားမှ ဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ သက်ကြီးရွယ်အိုများ၏ မျက်လုံးခွဲစိတ်မှုများပြုလုပ်ခဲ့ပါတယ်။ ယခုအချိန်ထိအကြိမ်ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး လူနာပေါင်း ( ၅၅၀ )ယောက်ကို ခွဲစိတ်ကုသနိုင်ခဲ့ပါသည်။

သွားဘက်ဆိုင်ရာစစ်ဆေးမှုများ

ဒါ့အပြင် တခြား NGO အသင်းများနှင့် SEDA ပူးပေါင်း၍ ရန်ကုန်မြို့အနီးရှိ ကျေးရွာ၊ တနည်းအားဖြင့် မြို့တွင်းဘက်ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူများကိုအကြိမ်ကြိမ်သွားကျန်းမာရေးကိုဆောင်ရွက်ပေးခဲ့ပါတယ်။

အားလုံးပေါင်း(၂၄၀၀)ယောက်ကျော် သွားကျန်းမာရေးစောင့်ရှောက်မှုကိုလုပ်ကိုင်နိုင်ခဲ့ပါတယ်။

အမှိုက်သန့်ရှင်းရေးနှင့်ပညာရေးလှုပ်ရှားမှုများ

လူမှုပါတ်ဝန်းကျင်ပညာပေးရေးအနေနှင့် ပြသရန်အတွက် အမှိုက်ပြဿနာကို တတ်နိုင်သမျှဖြေရှင်း ဆောင်ရွက်နိုင်ရန်အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုဖြစ်တဲ့ အမှိုက်ကောက်ယူလှုပ်ရှားမှုများ၊ စတစ်ကာကမ်းပိန်း များကို SEDA အဖွဲ့ဝင် များနှင့် ကျောင်းသား ကျောင်းသူများ ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကာ နေရာအသီးသီးမှာ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ပိုင်း၌ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများနှင့်အတူတကွအမှိုက်ပြဿနာကိုဖြေရှင်းနိုင်ရန် ပညာပေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိနေပါသည်။

TEL +95-9 5004505, +95-9 599797980

PAGETOP
Copyright © Myanmar Japan SEDA All Rights Reserved.