Myanmar NGO

စီးပွားရေးဇုန်လှုပ်ရှားမှုများ

  • HOME »
  • စီးပွားရေးဇုန်လှုပ်ရှားမှုများ

ဒီမိုကရေစီနိုင်ငံနှင့် ဈေးကွက်စီးပွားရေးစနှစ်ဖြစ်လာသည်နှင့်အညီ ဂျပန်နိုင်ငံမှရင်းနှီးမြှုပ်နှံသူများလည်း တိုးတက်လျက်ရှိနေပါသည်။ ဂျပန်များမြန်မာနိုင်ငံ၌လုပ်ငန်းများလုပ်ဆောင်လာနိုင်ရန်အတွက် စီးပွားရေး ပါတ်ဝန်းကျင် ပိုမိုရှင်းလင်း လွယ်ကူရန် ကြိုးစားအားထုတ်ရပါမည်။ ထို့အတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ပွဲများကိုလည်း ပြုလုပ်လျှက်ရှိပါသည်။ လုပ်ငန်းများအောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက်လည်း တဖက်နှင့်တစ်ဖက် ပိုမိုနားလည် သဘောပေါက်ရန် လိုအပ်ပါသည်။

  ထို့အတွက်SEDAအသင်းကြီး၌ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်စာနားလည်သဘောပေါက်သည့်လူသားအရင်းအမြစ်ပေါများသောကြောင့် ဂျပန်လူမျိုးများထံသို့ သတင်းဖြန့်ချိရန် စွမ်းဆောင်နိုင်စွမ်းမြင့်မားပါသည်။ ထို့ကြောင့်အပြန်အလှန် ပူးပေါင်းဖလှယ်နိုင်ရန် လူသားအချင်းချင်းဆက်နွယ်မှုမှ တဆင့်ရင်းနှီးပွင့်လင်းစွာ ကူးလူးဆက်ဆံရန်လိုအပ်လာ ပါသည်။ ၎င်းကိုအကောင်အထည်ဖော်ရန်အတွက် အသင်းကြီး စတင်တည်ထောင်ပြီး မကြာမှီမှာပင် စတင်၍ ဂျပန်နိုင်ငံတွင်ရှိသော ဒေသအသီးသီး၌ ဂျပန်လူမျိုးများကိုယ်တိုင် ဦးစီးသော ဂျပန်SEDAအဖွဲ့ များကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၎င်းတို့မှာ Tokyo SEDA, Nagoya SEDA, Osaka SEDA ,Shizuoka SEDA, Kobe SEDA စသည်ဖြင့်ပေါ်ထွက်လာခဲ့ပါသည်။ ယ္ခုအခါတွင်၎င်းအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီအကျိုးရှိသောဆောင်ရွက်ချက်များကိုဆောင်ရွက်နေပြီဖြစ်ပါသည်။

  TokyoSEDA နှင့်ပူးပေါင်းဆောင်ရွက်မှုမှာဂျပန်နိုင်ငံ၌ လစဉ်ကျင်းပသောဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲမှုဖြစ်စဉ်များ၊မြန်မာနိုင်ငံမှ SME’sကုမ္ပဏီများနှင့်ပူးပေါင်းနိုင်ရန်အတွက် ငွေကြေးရှာဖွေမှုနှင့်မိတ်ဆက်တင်ပြမှုများ၊ Nagoya SEDA(ESD-21) နှင့်မြန်မာနိုင်ငံမှGlobal Group Co.,ltd ( ISO ပြုလုပ်ပေးသောကုမ္ပဏီ) တို့ပူးပေါင်း၍TPS/LEAN(Toyota Production System; Production management system) ကိုမြန်မာ ပြည်အတွက်ထုတ်ကုန်တိုးတက်စေသော အထောက်အကူပြုစီမံခန့်ခွဲမှုနည်းပညာပြန့်ပွားရေးအစီအစဉ်ကို ဆောင်ရွက်နေမှု၊ Shizuoka SEDA နှင့် မြန်မာပြည်အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတို့ပူးပေါင်း၍ ဘိုးဘွားရိပ်သာစောင့် ရှောက်ရေးအတွက်သင်တန်းပို့ချမှု၊ ထို့အပြင်ဂျပန်နိုင်ငံဒေသအသီးသီးတွင်ရှိသော NGO အဖွဲ့အစည်းများနှင့်ပူးပေါင်းကာဒေသဆိုင်ရာ SEDAများကိုလည်းဖွဲ့စည်းရန်စီမံထားပါသည်။တနည်းအားဖြင့်မြန်မာနိုင်ငံလက်ရှိအခြေအနေကိုဂျပန်လူမျိုးများပူးပေါင်းဆောင်ရွက်ခြင်းဖြင့်နှစ်နိုင်ငံကြား ပိုမိုနားလည်ရင်းနှီးလာနိုင်ရန်ဖြစ်ပါသည်။ တချိန်ထဲမှာပဲမြန်မာပြည်တွင်းရှိဒေသအသီးသီး၌တွင်လည်းSEDA များဖွဲ့စည်းရန် ကြိုးစားနေပါသည်။ ပြည်သူပြည်သားများ အရင်းခံတဲ့ ပရဟိတအဖွဲ့၊ တနည်းအားဖြင့် ပြည်သူအချင်းချင်း ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်သော နေရာတခုအဖြစ်အနေနှင့် ပံ့ပိုးကူညီသော အဖွဲ့အစည်းဖြစ်ပါ သည်။ မြန်မာSEDAရုံးသို့ဂျပန်ပြည်မှတသီးပုဂ္ဂလ၊ ကုမ္ပဏီအပါအဝင်အဖွဲ့ပေါင်းများစွာကိုအကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ထို့ကြောင့်အသင်းကြီးမှာဂျပန်အဖွဲ့အစည်းများအနေနဲ့ယုံကြည်မှုခံရသောအဖွဲ့အဖြစ်အနေနှင့်ရပ်တည်လျက်ရှိပါသည်။

TEL +95-9 5004505, +95-9 599797980

PAGETOP
Copyright © Myanmar Japan SEDA All Rights Reserved.